စွမ်းအင်ထုတ်လုပ်ရာမှာ ပြည်တွင်းအတွက် အဓိက ဦးစားပေးဖို့ တောင်းဆို
မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်တွေဟာ ပြည်တွင်းသုံးစွဲမှုအတွက် မဟုတ်ဘဲ ပြည်ပနိုင်ငံတွေကို ရောင်းချဖို့ ဦးစားပေး ရေးဆွဲထားတဲ့ပုံစံ ဖြစ်နေတာကို တိုင်းနဲ့ပြည်နယ် ၁၄ ခုက အရပ်ဖက် အဖွဲ့အစည်း ၄၀ ခန့် စုပေါင်းပြီး ကန့်ကွက်လိုက်ပါတယ်။
-
2018-11-17 -
-
-
မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်တွေဟာ ပြည်တွင်းသုံးစွဲမှုအတွက်မဟုတ်ဘဲ ပြည်ပနိုင်ငံတွေကို ရောင်းချဖို့ ဦးစားပေး ရေးဆွဲထားတဲ့ပုံစံ ဖြစ်နေတာကို တိုင်းနဲ့ပြည်နယ် ၁၄ ခုက အရပ်ဖက် အဖွဲ့အစည်း ၄၀ ခန့် စုပေါင်းပြီး ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်မြို့ Best Western Green Hill ဟိုတယ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မြန်မာ့စွမ်းအင်ဆိုင်ရာ အစည်းအဝေးကနေ ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
အစိုးရအနေနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားရာမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆွေးနွေး အဖြေရှာနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့လိုပြီး စွမ်းအင်ထုတ်လုပ်မှုတွေဟာ ပြည်တွင်းသုံးစွဲမှုအတွက်သာ ဦးစားပေး ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် စီမံကိန်းတွေကို ဆောင်ရွက်ရာမှာ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်မယ့်လုပ်ငန်း အစီအစဉ်တွေနဲ့ အညီ အကောင်အထည်ဖော်ဖို့ဆိုတာလည်း ပါဝင်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။