အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းသည့် ဥပဒေကြမ်း လွှတ်တော် အတည်ပြု

စက်တင်ဘာ ၄ ရက် မနေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်း သည့် ဥပဒေကြမ်းကို အတည်ပြု မှတ်တမ်းတင်လိုက် ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: Myanmar Union Parliament

စက်တင်ဘာ ၄ ရက် မနေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ အရေးပေါ်စီမံမှုအက်ဥပဒေ ရုပ်သိမ်းသည့်ဥပဒေကြမ်းကို အတည်ပြု မှတ်တမ်းတင်လိုက်ပါတယ်။

အဲဒီ ဥပဒေကို ၁၉၅ဝ ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး အစိုးရအတိုက်အခံတွေကို ဖမ်းဆီးဖိနှိပ်ရာမှာ ဆယ်စုနှစ်များစွာ သုံးစွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကို ဖျက်သိမ်းဖို့ ပြည်သူ့လွှွတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက အတည်ပြုခဲ့ဲပြီးနောက် ပြည်ထောင်စုလွှတ်တော်ကပါ မနေ့က အတည်ပြုလိုက်တဲ့အတွက် ၂ ပတ်အတွင်း ဥပဒေတခုအဖြစ် တရားဝင် ပြဌာန်းနိုင်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org