ရွေးကောက်ပွဲကော်မရှင် တာဝန် မဆောင်ရွက်နိုင်ရင် နုတ်ထွက်နိုင်ကြောင်း ဥက္ကဋ္ဌ ပြော

ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ကော်မရှင် တာဝန်တွေကို မဆောင်ရွက်နိုင်ဘူးဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်ဇွန်လ နောက်ဆုံးထားနုတ်ထွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က သတိပေး ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကို တွေ့ရစဉ် Photo: Khaymani Win/RFA

ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ကော်မရှင် တာဝန်တွေကို မဆောင်ရွက်နိုင်ဘူးဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်ဇွန်လ နောက်ဆုံးထားနုတ်ထွက်ဖို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးလှသိန်းက သတိပေး ပြောလိုက်ပါတယ်။

မန္တလေးမြို့ မြို့တော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ တွေ့ဆုံပွဲမှာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူ ၃ ဦး လာရောက်ခြင်းမရှိတာနဲ့ ပတ်သက်လို့ ဆက်စပ်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ကော်မရှင်လုပ်ငန်းတာဝန်ဟာ နိုင်ငံ့တာဝန်ဖြစ်တာကြောင့် တာဝန်ကျေအောင်လုပ်ကြဖို့ကိုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်းပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org