ရွေးကောက်ပွဲကော်မရှင် တာဝန်လွှဲပြောင်းရေး ပြင်ဆင်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု စစ်ဆေးနေတာတွေကို ရပ်ဆိုင်းထားပြီး ရွေးကောက် ပွဲကော်မရှင်အသစ်ထံ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေး သွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ အချက်အလက်စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုစစ်ဆေးနေတာတွေကို ရပ်ဆိုင်းထားပြီး ရွေးကောက်ပွဲကော်မရှင်အသစ်ထံ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကန့်ကွက်မှု ၄၇ မှုရှိပြီး အမှုစစ်ဆေးနေတာတွေကို ဒီနေ့ စတင်ရပ်ဆိုင်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။

"ပြစ်မှုတွေကို ရုံးချိန်းမပေးတော့ဘူး၊ နောက်တက်လာမယ့် ကော်မရှင်တွေပဲ ဆက်လုပ်ရမှာပေါ့၊ အခုလောက်ကနေ စဖြတ်နေပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ချိန်းလည်း မပြီးပြတ်နိုင်တဲ့အမှုတွေ အများကြီးပဲလေ"

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးနဲ့ ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ နောက်ထပ် ၈ ဦးကို ထပ်ခန့်ခဲ့တာကြောင့် စုစုပေါင်း ၁၆ ဦး ရှိခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အမှုတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတဲ့ အမှုတွေက အများဆုံး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org