ဒေါက်တာဇော်မြင့်မောင် အကျိုးဆောင်ရှေ့နေ ဖမ်းဆီးခံရ

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်ဟာ ဧပြီလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီလောက်က သူ့ရဲ့ ရုံးခန်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ရွက်နုအောင်ကို တွေ့ရစဥ်
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်ဟာ ဧပြီလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီ လောက်က သူ့ရဲ့ ရုံးခန်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။
 
ဒီနေ့မနက်က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
 
"ဖမ်းခံရတာ ဟုတ်တယ်။ မနက်လေးနာရီမှာ စစ်ကားတွေနဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းတာ။ ဒေါ်ရွက်နုအောင်နဲ့အတူ အမည်မသိသေးတဲ့ လူနှစ်ဦးလည်း ဖမ်းခေါ် သွားတယ်"
 
ဒေါ်ရွက်နုအောင်ရဲ့ လက်ကိုင်ဖုန်းလည်း ပိတ်ထားသလို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင် သွားတယ်ဆိုတာလည်း မသိရသေးဘူးလို့ သူက ပြောပါတယ်။
 
သူဟာ မန္တလေးတိုင်း NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်းလည်းဖြစ်သလို နေပြည်တော် က ဗစ်တိုးရီးယားအမှုမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၂၇ ရက် မနေ့ကထိ လူပေါင်း ၁၀,၃၇၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူပေါင်း ၁၀၀၈ ဦး ထောင်ချခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org