နိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှု ၊ မြေပြို မှုဖြစ်ပွားနိုင်ကြောင်း ဦးထွန်းလွင် သတိပေး

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နောက်တစ်ပတ်အတွင်း ဆက်တိုက် မိုးကြီးနိုင်တာကြောင့် မြေပြိုနိုင်ပြီး ရေဖုံးလွှမ်းခံ ရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ဒီနေ့သတိပေးလိုက်ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်ရပ်ကွက်မှာ ရေကြီးရေလျှံခဲ့စဉ်က မြင်ရပုံ Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နောက်တစ်ပတ်အတွင်း ဆက်တိုက် မိုးကြီးနိုင် တာကြောင့် မြေပြိုနိုင်ပြီး ရေဖုံးလွှမ်းခံရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဒီနေ့ သတိပေးလိုက်ပါတယ်။

အဲဒီဒေသတွေဟာ မြေသားခိုင်မာမှုမရှိတဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ ဒေါက်တာထွန်းလွင်က ပြော ပါတယ်။

"မိုးများလို့ပါ၊ အဲ့ဒီဘက်ကမြေတွေက မြေသားမခိုင်ဘူး၊ ပူတာအိုတို့၊ ဘာတို့မှာမြေတွေ အက်ကွဲ အဲ့ဒါတွေကြောင့်ဖြစ်တာပေါ့၊ လွန်ခဲ့တဲ့ ၁ ရက်က မိုးရေချိန် ဘယ်လောက်ရှိတယ်၊ လွန်ခဲ့တဲ့ ၃ ရက်၊ လွန်ခဲ့တဲ့ ၇ ရက်၊ အဲ့ဒါကိုကြည့်တာ၊ မိုးအားကိုတွက်တာ၊ မိုးရေချိန်များတယ်၊ မိုးများနေတယ်"

မြေပြိုနိုင်တဲ့ အဓိကဒေသတွေက ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့ဖြစ်ပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ ရေဖုံးလွှမ်းခံ ရနိုင်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မှာ ပြီးခဲ့တဲ့ ၅ ရက် လောက်က ဆက်တိုက်မိုးကြီးခဲ့တာကြောင့် စာသင်ကျောင်းတချို့ကို ပိတ်ခဲ့ရပြီး လတ်တလော ကယ်ဆယ်ရေးစခန်း ၃ ခုလောက် ဖွင့်ထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org