ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မြန်မာစစ်အစိုးရနှင့် မနှိုင်းသာအောင် ကွာခြား

ဂျပန်နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ ငလျင်ဘေးကြီးမှာ ဝန်ကြီးချုပ် နာအိုတို ခန်းရဲ့ အစိုးရက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကူညီဆောင်ရွက် ပေးနေတာတွေဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အစိုးရ ဆောင်ရွက်ခဲ့တာတွေနဲ့ နှိုင်းဆလို့ မရအောင် ကွာခြားတယ်လို့ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းတုန်းက အခြေအနေတွေကို မမေ့နိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေက ပြောပြကြပါတယ်။

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်း ဒဏ်များ ခံရပြီးနောက် မီယာဂိ ခရိုင်၊ နာတိုရိမြို့တွင် မတ်လ ၁၂ ရက်က ပျက်စီး ပြိုလဲနေသော အဆောက်အအုံများကြားမှ အဖိုးအိုတဦးကို ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် စစ်သည်တဦးက ကျောပိုး၍ ဘေးလွတ်ရာသို့ သယ်ဆောင် ပို့ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP
ဂျပန်နိုင်ငံက အခု ငလျင်ဘေး၊ မြန်မာ နာဂစ်လေမုန်တိုင်းဘေးနဲ့ တရုတ် စီချွမ်ငလျင်ဘေးတွေမှာ သက်ဆိုင်ရာ အစိုးရတွေရဲ့ ဆောင်ရွက်ပေးမှုတွေနဲ့ ပတ်သက်လို့ တိုကျိုမြို့တော်၊ လန်ဒန်မြို့တော်နဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် လေ့လာသူ မြန်မာနိုင်ငံသားတွေရဲ့ အမြင်တွေကို RFAအဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org