ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း က ရေဘေးကူညီရေးပြင်ဆင်

ရေဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင် ဆန်းစုကြည် ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က ဆန်နဲ့ သောက်ရေသန့် ကျပ်သိန်း တစ်ထောင်ကျော်ဖိုး လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမည့် ကယ်ဆယ်ရေးပစ္စည်းများကို သြဂုတ်လ ၁ ရက်နေ့ က တွေ့ရစဉ် Photo: Daw Khin Kyi Foundation ( Facebook )

ရေဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က ဆန်နဲ့ သောက်ရေသန့် ကျပ် သိန်းတစ်ထောင်ကျော်ဖိုး လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကူညီခဲ့ပြီး ရခိုင်ပြည်နယ်မှာလည်း ကူညီဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ကူညီဆောင် ရွက်ပေးနေတဲ့ ဒေါက်တာစိုးမိုးသူ က ပြောပါတယ်။

"လက်ရှိ ကလေးမှာ ကျနော်တို့ ဆန်အိတ် ၇၀၀ ရောက်သွားပါပြီ၊ ဒါလုပ်ပြီးသား ပေါ့နော်၊ ရခိုင်နဲ့ စစ်ကိုင်းကိုကျနော် တို့ကားတင်နေပါပြီ၊ တခြားဒေသတွေလည်း စီစဉ်ဖို့ရှိပါတယ်၊ ပဲခူးရယ်၊ မကွေးရယ်၊ အဓိက ကျနော်တို့ပေးမှာဆန်နဲ့ ဆီဖြစ်တဲ့ အတွက်ကြောင့် ဒုက္ခသည်တွေအများဆုံးစုနေတဲ့ နေရာတွေကို သွားမှာပါ"

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ချုပ်၊ အစ္စလမ်ဘာသာဝင် လုပ်ငန်းရှင်တွေနဲ့ လူငယ်တွေ စုပေါင်းပြီး ရေဘေးအလှူငွေကျပ်သိန်း ၁၅၀၀ မတည်ငွေအဖြစ် ထားရှိပြီး ကူညီသွားမယ်လို့ အစ္စလမ်ဘာသာရေးအဖွဲ့ ချုပ်ထံက သိရပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံစားသောက်ကုန် လုပ်ငန်းရှင်များ အသင်းကလည်း ကျပ်သိန်း ၁၀၀ မတည် ထားပြီး ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေကို အဓိက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org