အာဆီယံ ဝန်ကြီးများ အစည်းအဝေး ဒေါ်အောင်ဆန်း စုကြည် တက်ရောက်

(၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဒီနေ့ စတင်ကျင်းပပြုလုပ်ရာ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ စီးပွါးရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စတဲ့ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဇူလိုင်လ ၂၃ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ရစဉ် Photo: MOI Webportal Myanmar

(၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဒီနေ့ စတင်ကျင်းပပြုလုပ်ရာ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ စီးပွါးရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စတဲ့ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

ပထမနေ့ စည်းဝေးပွဲ ပြီးဆုံးသွားတဲ့အခါမှာ ပူးတွဲကြေညာချက် တစုံတရာထုတ်ပြန်တာမရှိဘဲ ဝန်ကြီးများအနေ နဲ့ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်ပြီး ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သာမန်သတင်းထုတ်ပြချက်တစ်ရပ်သာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်က အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်တွေမှာ ကျွန်းငယ်လေးတွေ တည်ဆောက်ပြီး နယ်မြေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး အာဆီယံ ဝန်ကြီးတွေကြားမှာ သဘောထားကွဲလွဲနေကြတယ် လို့ သတင်းထောက်တွေက ရေးသားကြပါတယ်။ အဲ့ဒီ တရုတ်အစိုးရရဲ့ နယ်ချဲ့မှုဆိုတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အိမ်ရှင်လာအိုနိုင်ငံက ဘာမှထုတ်ဖေါ်ပြောဆိုတာ မရှိသလို ကမ္ဘောဒီးယားအစိုးရကလည်း တရုတ်ဘက်က ရပ်တည်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းဝေးပွဲ မစခင် မနေ့ကနေခင်းပိုင်းမှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာကော်မရှင် အစည်းအဝေးနဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ခြောက်ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို  ဒီနေ့ ညနေပိုင်းမှာ ဗီယန်ကျင်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org