မြန်မာကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သန်း ကမ္ဘောဒီးယား ပို့မည်

အဲဒီထိုးဆေးအလုံး တစ်သန်းဟာ လာမယ့် မေလ ၂၆ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ခမာတိုင်းမ်သတင်းက ဖော်ပြပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့် နေရာတစ်ခုတွင် ကာကွယ်ဆေးထိုးပေးနေသည်ကို တွေ့ရစဉ်။ AFP

ကိုဗစ်ကာကွယ်ဆေး အလုံးရေတစ်သန်း မြန်မာနိုင်ငံကို ပေးအပ်မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာပါတယ်။

အဲဒီထိုးဆေးအလုံး တစ်သန်းဟာ လာမယ့် မေလ ၂၆ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ခမာတိုင်းမ်သတင်းက ဖော်ပြပါတယ်။

အာဆီယံနိုင်ငံ ၁ဝ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ခုနစ်နိုင်ငံမြောက် ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မေလ ၂၄ ရက်နေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ခြောက်သိန်း လေးသောင်းလောက်ရှိပြီး၊ သေဆုံးသူ လူဦးရေ နှစ်သောင်းနီးပါးရှိပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရာကနေ ပယ်ဖျက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီမေလအစောပိုင်းမှာ ကြေညာထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်နှုန်းတွေရှိနေဆဲဖြစ်ပြီး၊ တစ်ပတ်အတွင်း အယောက် ၇ဝဝ ကျော်ရောဂါကူးစက်ခံရကြောင်း မေလအစောပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ဒီတစ်ကြိမ်နဲ့ဆိုရင် ကမ္ဘောဒီးယားအစိုးရကနေ မြန်မာနိုင်ငံကို ကာကွယ်ဆေးကူညီတာ သုံးကြိမ်ရှိပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org