ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို ထောင် ၁၃ နှစ် ချမှတ်

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပုဒ်မ နှစ်ခုနဲ့ တရားစွဲထားရာမှာ နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ် Photo: Myo Thant Khaing/RFA

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပုဒ်မ နှစ်ခုနဲ့ တရားစွဲထားရာမှာ နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အစိုးရရှေ့နေတွေ စွဲဆိုခဲ့တဲ့အတိုင်း အဲဒီပုဒ်မတွေကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိတယ်လို့ တရားရုံး က ဆုံးဖြတ်ပြောဆိုပြီးနောက် အခုလို အမိန့်ချမှတ်လိုက် တာဖြစ်တယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

"ပြစ်မှုဆိုင်ရာ ဥပဒေ ၄ဝ၉ ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု အဲ့အမှုမှာ ဒီကနေ့ ရုံးတော်ကနေပြီးတော့ ဦးဆန်းဆင့်အပေါ် မှာ ပြစ်မှုထင်ရှားတွေ့ရှိ စီရင်တယ်၊ ထောင်ဒဏ် ၃ နှစ်ချပါတယ်၊ နောက်တစ်ခုက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော်အစိုးရအပေါ်မှာ အကြည်ညိုပျက်စေမှုပေါ့၊ စွပ်စွဲချက်နဲ့ ဦးဆန်းဆင့်ကို ရုံးတော်ကနေပြီးတော့ ပြစ်မှုထင်ရှားစီရင်ပြီးတော့ ထောင်ဒဏ် ၁ဝ နှစ် ဒဏ်ငွေက ၁ သိန်း စုစုပေါင်း ၁၃ နှစ်ပါ၊ ဒါက ဒီနေ့ချမှတ်တဲ့အမိန့်"

တရားရုံးက အမိန့်ချမှတ်ပြီးနောက် ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အာဏာပိုင်တွေက ချက်ချင်းဆိုသလို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့လည်း ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။

တရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်လက် အယူခံဝင်သွားမယ်လို့လည်း ဆိုပါတယ်။

ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org