ထင်းရှူးမြိုင် ဆရာတော် အလုပ်ကြမ်း နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံရ
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်ကြီးမြို့ ထင်းရှူးမြိုင်ကျောင်းတိုက် ဆရာတော် ဦးကဝိစာရ ကို တောင်ကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
-
2013-07-23 -
-
-
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်ကြီးမြို့ ထင်းရှူးမြိုင်ကျောင်းတိုက် ဆရာတော် ဦးကဝိစာရကို တောင်ကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီအမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ အယူခံဝင်သင့် မဝင်သင့်ကိုတော့ မစဉ်းစားရသေးဘူးလို့ ဆရာတော်ရဲ့ ဒကာမ ဒေါ်ရီရီမြင့်က ပြောပါတယ်။
"အမတို့ဘက်က အခုသက်သေ ၅ ဦးကလည်း ထွက်ဆိုချက်ကောင်းတယ်၊ တရားသူကြီးက အခုဖတ်ပြပြီးမှ ဒီဘက်သက်သေ ၅ ဦးက ထွက်ချက်ကောင်းပါတယ်လို့ပြောပြီးမှ ဒီဟာကို တစ်နှစ်ခွဲ ဘာလို့အမိန့်ချတာလဲဆိုတာ သိချင်ပါတယ်”
ပြီးခဲ့တဲ့ မေလအတွင်းက တောင်ကြီးမြို့ သစ်တောရပ်ကွက်အတွင်းမှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်းက သံဃာတော် ၁၂ ပါးကို ဆေးတက္ကသိုလ်တည်ဆောက်မယ့် စီမံကိန်းဧရိယာထဲ ကျူးကျော်ဝင်ရောက်နေထိုင်တယ်ဆိုပြီး တောင်ကြီးမြို့နယ်အမှတ် ၁ ရဲစခန်းက လူဝတ်လဲစေခဲ့ပြီး
တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ထင်းရှူးမြိုင်ကျောင်းအနေနဲ့ သစ်တောရပ်ကွက်မှာ တည်ရှိလာခဲ့တာ ၁ဝ နှစ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။