တေးရေး နိုင်မြန်မာ ကွယ်လွန်

“ကမ္ဘာမကျေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေး နိုင်မြန်မာ ဖေဖော်ဝါရီ ၇ ရက် မနက် ၇ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားတယ်လို့ နိုင်မြန်မာရဲ့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကွယ်လွန်သွားသည့် တေးရေး နိုင်မြန်မာ။ Facebook/Naing Oo Myint

ရှစ်လေးလုံး အရေးတော်ပုံရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ကမ္ဘာမကျေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေး နိုင်မြန်မာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်း သန်လျင်မြို့ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ နိုင်မြန်မာရဲ့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ နိုင်မြန်မာဟာ ရောဂါကြီးကြီးမားမားမရှိဘဲ နှလုံးလေဟပ် ဆုံးပါးသွားတာလို့ ဇနီးဖြစ်သူက ပြောပါတယ်။

“နှလုံးလေဟပ်သွားတာ ထလိုက်တဲ့အချိန်မှာပဲ အာရုံကြောပြတ်ပြီး ချက်ချင်းဆုံးသွားတာပါပဲ။ မဆုံးခင်ကတော့ ရောဂါကြီးကြီးမားမား မရှိပါဘူး”

ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။

တေးရေးနိုင်မြန်မာဟာ ကမ္ဘာမကျေဘူး၊ ဝါဆို၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး စတဲ့ လူသိများတဲ့ သီချင်းတွေအပါအဝင် သီချင်းအများအပြား ရေးသားခဲ့ပါတယ်။

နိုင်မြန်မာရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာကို လျှပ်စစ်မီးမှုပြတ်တောက်မှုအပေါ် ဝေဖန်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထောင်ဒဏ် နှစ် နှစ်ဆယ် ချမှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org