အမျိုးသားရင်ကြားစေ့ရေး အမေရိကန်နဲ့ အာဆီယံ တိုက်တွန်း

အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရနဲ့ အနီးကပ်ဆက်ဆံရေး မူဝါဒ ကျင့်သုံးနေတာကို အာဆီယံ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးတခုတွင် တက်ရောက်သော နိုင်ငံများအား ကိုယ်စားပြုသည့် အလံများ စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အမေရိကန်နဲ့ အာစီယံရဲ့ အနီးကပ် ဆက်ဆံရေးကတဆင့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စစ်အစိုးရဘက်က လုပ်ဆောင်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒုတိယအကြိမ်မြောက် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်လိုက်တဲ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် မြန်မာ စစ်အစိုးရဘက်က စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာဖို့ဆိုရင် အမေရိကန်-အာဆီယံ အနေနဲ့ ပိုပြီးထိရောက်တဲ့ ဖိအားပေးမှုမျိုး ရှိသင့်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ အယ်ဒီတာ Mr. Su Pa lak က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org