ကိုကိုးကျွန်းနဲ့ ဟိုင်းကြီးကျွန်းက တပ်မတော်သားမဲပေးခွင့်ရှိသူ စာရင်း ၂၀၀ ခန့် တူညီနေ

ဟိုင်းကြီးကျွန်းက ရေတပ်စခန်းဌာနချုပ် မှာရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲက လူ ၂၀၀ ဟာ ကိုကိုးကျွန်းမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ ပါနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။

ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ် ဓါတ်ပုံ - မမိုးကလျာဦး/RFA

ဟိုင်းကြီးကျွန်းက ရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲက လူ ၂၀၀ ဟာ ကိုကိုးကျွန်းမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ ပါနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြော ပါတယ်။

ကိုကိုးကျွန်းက အမှတ် ၂၇ ရေတပ်စခန်းက မဲဆန္ဒရှင်စာရင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ပမ္မဝတီရေတပ်စခန်းဌာနချုပ်က စာရင်းကို စစ်ဆေး ကြည့်တဲ့အခါ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားဦးရေ ၂၀၀ လောက်ဟာ တူနေတာကို တွေ့ရတယ်လို့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

အဲဒီလိုနာမည်တူနေတာနဲ့ ပတ်သက်ပြီး တင်ပြရာမှာ မြို့နယ်ကော်မရှင်ဥက္ကဌက ခရိုင်ကော်မရှင်ထံ တင်ပြပေး မယ်လို့ အကြောင်းပြန်ကြောင်း ဦးဝင်းမင်း က ပြောပါတယ်။

ကိုကိုးကျွန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၅၀၀ ရှိပြီး အဲဒီထဲမှာ အမှတ် ၂၇ ရေတပ်စခန်း နဲ့ GE အင်ဂျင်နီယာတပ် တို့မှာ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားနဲ့ မိသားစု ဝင် ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org