ကျောက်မီးသွေး စီမံကိန်း ဒေသခံတွေလက်ခံမှ ဆောင်ရွက်ဖို့ တိုက်တွန်း

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြုလုပ်မယ့် ကျောက်မီးသွေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ သဘောတူလက်ခံမှ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ ချပြဖို့ စီမံကိန်းဆောင်ရွက်မယ့် ကုမ္ပဏီ တာဝန်ရှိသူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။

သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ် ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြုလုပ်မယ့် ကျောက်မီးသွေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ သဘောတူလက်ခံမှ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ ချပြဖို့ စီမံကိန်းဆောင်ရွက်မယ့် ကုမ္ပဏီ တာဝန်ရှိသူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားတဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ လျှပ်စစ်ရေးရာကော်မတီ တာဝန်ရှိသူတွေနဲ့ ဟိန်းမေတ္တာ သတ္တုတူးဖော်ရေးကုမ္ပဏီ တာဝန်ရှိသူတို့ ဒီနေ့ တောင်ကြီးမြို့ တောင်ကြီးဟိုတယ် မှာ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တယ်လို့ ကော်မတီ အတွင်းရေးမှူး ကိုစိုင်းလင်းမြတ် က ပြောပါတယ်။

"ဒီကျောက်မီးသွေးတူးရင်တော့ သေချာတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်၊ ထင်းရှူးတောကတော့ ပျက်စီးမယ်၊ တူးဖော်မယ်ဆိုရင်လည်း EITI လုပ်ငန်းစဉ်အတိုင်း တူးသွားဖို့ ကျနော့်အနေနဲ့ ကြားထဲကနေ တူးပါလို့လည်း ဆုံးဖြတ်ပေးလို့မရဘူး၊ မတူးနဲ့လည်း ပြောလို့မရဘူး၊ အဓိကက ဒေသခံပြည်သူလူထု သဘောတူတယ်၊ လက်ခံမယ် ပြီးရင် ဒေသအကျိုးစီးပွား ဖြစ်ထွန်းမယ်ဆိုရင် ကျနော်တို့ ဘာမှပြောစရာ အကြောင်းမရှိဘူး၊ အခုလောလောဆယ်က ဒေသခံတွေက လုံးဝလက်မခံဘူး၊ ကန့်ကွက်တယ်"

ကုမ္ပဏီဘက်က ကျောက်မီးသွေး လုပ်ငန်းကို ပြန်လည် လုပ်ကိုင်လိုတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ဒေသခံတွေနဲ့ ညှိနှိုင်းပေးဖိ့ု ပြောတယ်လို့ ကိုစိုင်းလင်းမြတ်က ပြောပါတယ်။

မိုင်းကိုင်မြို့နယ်မှာ ကျောက်မီးသွေး တူးဖော်မယ့်လုပ်ငန်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီက ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက စတင်ပြီး မိုင်းကိုင်မြို့ အတွင်း ၄၉.၅ ဧက ရှိတဲ့ လုပ်ကွက် ၄ ခု မှာ တူးဖော်မှာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဒေသခံ တစ်ထောင်ကျော်က ဆန္ဒပြကန့်ကွက်ပြီး ကုမ္ပဏီအနေနဲ့လုပ်ငန်းလည်ပတ်တာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ နှစ်ဦး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်၊ တရားဥပဒေ စိုးမိုးရေးရာ ကော်မတီ ဥက္ကဌ ဦးစိုင်းလုံ၊ တိုင်ကြားစာ စီစစ်ရေးကော်မတီ ဥက္ကဌ ဦးစိုင်းမျိုးမြင့် တို့ ပါဝင်ခဲ့ပါတယ်။

မိုင်းကိုင် ကျောက်မီးသွေး စီမံကိန်းနဲ့ ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမှုမှာ တခြား ကိုယ်စားလှယ်တွေ လိုက်ပါခြင်း မရှိခဲ့သလို ဒီကနေ့ တွေ့ဆုံပွဲမှာလည်း ရေးရာကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်တချို့ တက်ရောက်လာတာမရှိဘူးလို့ ဦးစိုင်းလင်းမြတ်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org