ကယားက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါ ဖြစ်ပွားနေ

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ပွဲတွေကြားမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ မိုးတွင်းကာလရောက်လာပြီမို့ ဝမ်းပျက်ဝမ်းလျောရောဂါ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင် ရွက်နေသူတွေက ပြောပါတယ်။

ကရင်နီပြည်စစ်ဘေးဒုက္ခသည်စခန်းမှ ဝမ်းရောဂါဖြစ်ပွားနေတဲ့ လသားကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ပွဲတွေကြားမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ မိုးတွင်းကာလရောက်လာပြီမို့ ဝမ်းပျက်ဝမ်းလျောရောဂါ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင် ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေထဲက စစ်ဘေးဒုက္ခသည်စခန်း သုံးခုမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေတဲ့အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“အခု ဝမ်းပျက်ဝမ်းလျောကြောင့် ကလေးတစ်ယောက် မနေ့ကတုန်းက ဆုံးသွားတယ်ပေါ့"

ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသွားရတဲ့ ကလေးငယ်တစ်ယောက်လည်း ရှိတယ်လို့ ဦးဗညားက ပြောပြပါတယ်။

“အခု ဝမ်းပျက်ဝမ်းလျောကြောင့် ကလေးတစ်ယောက် မနေ့ကတုန်းက ဆုံးသွားတယ် ပေါ့။ အဲဒါတော့ အတည်ပြုလို့ရပြီ။ အချိန် တစ်လလောက်ကတည်းက စခန်းတစ်ခု၊ နှစ်ခုမှာ စတွေ့လာရတယ်။ အနည်းဆုံး မရှိဘူးဆိုရင် ဖရူဆို အနောက်ဘက်ခြမ်းမှာ စခန်းတစ်ခုရှိပါတယ်။ နောက် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဝမ်းပျက်ဝမ်းလျော ရောဂါနဲ့ စခန်းနှစ်ခု။ လောလောဆယ်ကတော့ စခန်းသုံးခုမှာ ဝမ်းပျက်ဝမ်းလျော ရောဂါတွေကြောင့် အခက်အခဲတွေ၊ ကျန်းမာရေးစိန်ခေါ်မှုတွေရှိတာတော့ ကျနော် သိရပါတယ်”

ကယားပြည်နယ်ထဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကော်မတီအဖွဲ့အစည်းတွေရှိနေပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ဖို့ လူဦးရေ အကန့်အသတ်ရှိနေတဲ့ အနေအထားဖြစ် နေတယ်လို့လည်း ဦးဗညားက ပြောပြပါတယ်။

ဒီရောဂါဟာ စစ်ဘေးဒုက္ခသည်စခန်းအများစုကို ပြန့်ပွားလာရင် လက်ရှိအခြေအနေအရ ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဦးဗညားက ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်တာ၊ မိုးတွင်းလမ်းခရီးအခက်အခဲကြောင့် ဆေးဝါးဈေးနှုန်း နှစ်ဆမြင့်တက် တာတွေလည်း ကြုံတွေ့နေကြရတယ်လို့ ဦးဗညားက ပြောပြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာဆိုရင် စစ်ဘေးဒုက္ခသည်စခန်းအများစုဟာ မြို့အနောက်ဘက်ခြမ်းမှာ တည်ရှိနေကြပြီး ဝမ်းပျက်ဝမ်းလျောရောဂါဟာ လူသူအရောက်နည်းတဲ့ စခန်းတွေမှာလည်း ဖြစ်ပွားနေတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်သူ တစ်ယောက်က ပြောပါတယ်။

“ဒီစခန်း သုံးခုက အများအားဖြင့် ဖြစ်တဲ့နေရာပေါ့နော်။ တချို့စစ်ဘေးရှောင်စခန်းတွေ က ကူညီတဲ့ အလှူရှင်တွေရောက်နိုင်တဲ့ နေရာရှိသလို၊ တချို့နေရာလည်း ရောက်တော့ ရောက်တယ်၊ ရောက်ခဲတဲ့ နေရာလည်း ရှိတာပေါ့နော်။ အများအားဖြင့် ဖြစ်တာက အခု ရာသီတုတ်ကွေးတစ်ခုရယ်၊ နောက်ပြီး ဝမ်းပျက်ဝမ်းလျောပေါ့နော်။ ကျနော်တို့ သွားဖူး၊ ရောက်ဖူးတဲ့ စခန်းတိုင်းဆိုရင် အများအားဖြင့် ရေပြဿနာပေါ့နော်။ နောက်ပြီး နေထိုင် မှု။ နောက်ပြီး စားသောက်မှုပေါ့နော်”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မိုးရာသီကို ဖြတ်သန်းဖို့ ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေကို လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

အလှူရှင်တွေဆီက အထောက်အပံ့ ရရှိမှုဟာလည်း အရင်ကထက် သိသိသာသာ လျော့နည်းသွားတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူက ပြောပြပါတယ်။

ကရင်နီပြည်စစ်ဘေးဒုက္ခသည်စခန်းမှ ဝမ်းရောဂါဖြစ်ပွားနေတဲ့ လသားကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ဖရူဆိုမြို့နယ် အနောက်ဘက် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ ကရင်နီ ပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့တို့ကိုလည်း ဒီအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ RFA အနေနဲ့ တယ်လီဖုန်းကတဆင့် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ရှမ်း - ကယားနယ်စပ်၊ မိုးဗြဲ - ဖယ်ခုံ ရေကာတာရဲ့ အရှေ့ဘက်ခြမ်းမှာလည်း ၁၅ ရက် နီးပါးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး တိုးလာနေပြီး ဖရူဆိုမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင် တိုးလာတယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ကရင်နီပြည်နယ်ထဲမှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းဝန်းကျင်ရှိနေပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက် နေသူတွေက ပြောပါတယ်။

လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီမရတဲ့အတွက် ကလေး ခုနစ်ယောက် နဲ့ ကိုယ်ဝန်သည် ကိုးယောက်တို့ဟာ မွေးဖွားပြီးနောက် ၂ဝ၂၁ ခုနှစ်အတွင်းမှာ သေဆုံးခဲ့ ကြတယ်လို့ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ရက် CHDN ရဲ့ စာရင်းတွေမှာ တွေ့ရပါ တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org