၅ ထောင်တန်ဆိုင်တွေ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်မည်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမှာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လဝက၀န်ကြီး ထံတင်ပြသွားမှာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

"ကျောက်တံတားနဲ့ ပန်းဘဲတန်း ၂ ခုကို ဒီလွှတ်တော်အားရက်မှာ အစီရင်ခံစာပေါင်းရေးပြီးတော့ တိုင်းဒေကြီးအစိုးရက သက်ဆိုင်ရာ လဝကနဲ့ အလုပ်သမားဝန်ကြီးဆီတင်မှာ ပန်းဘဲတန်းနဲ့ ကျောက် တံတားကို Pilot Project အနေနဲ့လုပ်ထားတာ အဲဒါပြီးမှ ကျန်တဲ့မြို့နယ်တွေကို ဆောင်ရွက်လို့ရအောင် တိုက်တွန်းအားပေးသွားမှာပါ"

အဲဒီဆိုင်တွေမှာ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေဟာ အလည်အပတ် ဗီဇာတွေနဲ့ လာရောက်ကြပြီး အိမ်ဌားရမ်းနေထိုင်ကြသလို တချို့က ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ နေထိုင်ကြတယ်လို့ ဦးသန်းနိုင်ဦး က ပြောပါတယ်။

အဲဒီနိုင်ငံခြားသားတွေဟာ အလုပ်သမားတွေကို လစာပေးဌားရမ်းရာမှာလည်း နိုင်ငံခြားသားဆို ၇ သိန်း ခန့်ပေးပေမယ့် ပြည်တွင်းအလုပ်သမားတွေကို လစာ တစ်သိန်းကျော်သာပေးတာကို တွေ့ရှိရကြောင်း လည်း ပြောပါတယ်။

အဲဒီဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပြီး လွှတ်တော်နားရက်အတွင်း အစီရင်ခံစာကို အပြီးသတ်ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်အေးမောင်ထံ တင်သွင်းသွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org