ကလေးတွေကို အဓမ္မပြုကျင့်သူကို တရားစွဲဆို

အလုပ်ရှင်က မွေးစားထားတဲ့ ၁၀ နှစ်အောက် မိန်းကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အိမ်ရှင်ရဲ့ ယာဉ်မောင်းဖြစ်သူကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် တရားရုံးမှာ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။

အလုပ်ရှင်က မွေးစားထားတဲ့ ၁၀ နှစ်အောက်  မိန်းကလေးငယ် ၄ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အိမ်ရှင်ရဲ့ ယာဉ်မောင်းဖြစ်သူကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ဒီကနေ့  တရားစွဲဆိုလိုက်ပါတယ်။

အဓမ္မပြုကျင့်မှု ဥပဒေ ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှု ပုဒ်မ  ၃၇၇  တို့နဲ့ တရားစွဲဆိုလိုက်တာဖြစ် တယ်လို့ ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်း ကတာဝန်ရှိသူကပြောပါတယ်။

"ဒီနေ့ တရားစွဲတင်ပို့တယ်၊ အရှေ့ပိုင်းခရိုင်ရုံးမှာပေါ့၊ ပုဒ်မ ၃၇၆ ၊ ၃၇၇ တို့နဲ့ စွဲတယ်၊ ပုဒ်မ ၃၇၇ ဆိုတာက ဓမ္မတာအတိုင်း မဟုတ်ဘဲ ဆက်ဆံတာပေါ့"

အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဒေါ်ခမ်းဆိုသူအမျိုးသမီးက အသက် ၃ နှစ်ကနေ ၇ နှစ်အရွယ်ကြားမှာရှိတဲ့ မိန်းကလေးငယ်လေးဦးနဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၅ နှစ်အရွယ် ယောကျ်ားလေးသုံးဦးကို မွေးစားပြီး ဗိုလ်တထောင်မြို့နယ်က သူ့နေအိမ်မှာ ယာဉ်မောင်း၊ ကလေးထိန်းတို့နဲ့ ထားခဲ့ပါတယ်။

အဲဒီ ကလေးတွေထဲက မိန်းကလေးတွေကို ယာဉ်မောင်းဖြစ်သူက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အခုလို တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေး ၇ ဦးကိုတော့ ပြီးခဲ့တဲ့လ ၂၄ ရက်နေ့ကစပြီး လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org