သက်ငယ်မုဒိမ်းမှုတွေကို ထောင် ဒဏ်တသက် တကျွန်းအထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းရေးဆွဲ

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်း အထိအပြစ်ပေးနိုင်မယ့် ဥပဒေ ကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထား တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို နိုဝင်ဘာလ ၂၈ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်းအထိ အပြစ်ပေးနိုင်မယ့် ဥပဒေကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာသမားတွေကို ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့တာဖြစ်ပါတယ်။

"၁၉၉၃ ကလေးသူငယ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေတယ်၊ ရေးဆွဲတာပြီးသွားပြီ၊ အဲဒီအထဲမှာ သက်ငယ်မုဒိန်းနဲ့ ပတ်သက်ပြီးတော့ ထည့်ထားတယ်၊ သက်ငယ်မုဒိန်းမှုကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်ကနေ တသက်ထောင်ဒဏ်အထိ ချမှတ်နိုင်တယ်ဆိုတာ ကျနော်တို့ ထည့်ထားတယ်"

၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအသစ် ပြန်လည်ရေးဆွဲပြီး သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အနည်းဆုံးထောင် ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ထည့်သွင်းထားတာဖြစ် တယ်လို့ ပြောပါတယ်။

ရှေ့နေချုပ်ရုံးကနေ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့အခါ အဲဒီဥပဒေကြမ်းကို လွှတ်တော်ထံ မကြာမီ တင်သွင်းသွားမယ်လို့လည်း ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိပေးဖို့နဲ့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org