ချောင်းဆုံ ယာယီစည်းရုံးရေးကော်မတီ ဖွဲ့စည်း
ပါတီတာဝန်တွေ ရပ်နားထားတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေအဖွ့ဲချုပ် အလုပ်အမှုဆောင်တွေနေရာမှာ လတ်တလော လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ယာယီစည်းရုံးရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
-
2017-08-19 -
-
-
ပါတီတာဝန်တွေ ရပ်နားထားတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေအဖွ့ဲချုပ် အလုပ် အမှုဆောင်တွေနေရာမှာ လတ်တလော လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ယာယီ စည်းရုံးရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ချောင်းဆုံမြို့နယ် NLD ယာယီစည်းရုံးရေးကော်မတီကို ပါတီဗဟိုရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်ဆောင်က ပြောပါတယ်။
"အလုပ်အမှုဆောင်တွေကို အရေးယူတာ၊ မယူတာမပါသေးဘူး၊ အခုဘာလာလဲဆိုရင် ပဏာမ ကျနော်တို့ ဖွဲ့စည်းမယ်၊ စည်းရုံးရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းမယ်၊ အဲဒီဟာလေးပါပဲ၊ အဲဒီဥစ္စာက ကျနော်တို့ ၁၆ ယောက် ချပေးလိုက်တဲ့နေရာမှာ ၁ ယောက်က သူက ဆန္ဒမရှိလို့ မလုပ်ဘူးပေါ့၊ ကျန်တဲ့ ၁၅ ယောက်နဲ့ ကျနော်တို့ ဖွဲ့ပါမယ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကိုပဲ ကျနော်တို့က စည်းရုံးရေးကော်မတီအနေနဲ့ ပြန်ဖွဲ့လိုက် တာပါ"
ယာယီစည်းရုံးရေးကော်မတီ ရွေးချယ်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ၊ ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာခင်ဆောင် စတဲ့ ပါတီက ခေါင်းဆောင်တွေနဲ့ မြို့နယ် NLD ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။
ယာယီဖွဲ့စည်းလိုက်တဲ့ စည်းရုံးရေးကော်မတီမှာ အရင်မြို့နယ်အလုပ်အမှုဆောင် ၄၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ၁၅ ဦးကေ်ာမတီကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီဟာ ညီလာခံကနေ မြို့နယ်အလုပ်အမှုဆောင်တွေကို မရွေးချယ်ခင် အထိ ပါတီတာဝန်တွေ ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တာ ကို မကျေနပ်တာကြောင့် ဆန္ဒပြတာတွေ၊ ပါတီအောင်နိုင်ရေး ဆောင်ရွက်ဖို့ အားနည်းခဲ့တယ်ဆိုပြီး ချောင်းဆုံ မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့က ၂၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။