မိဘမဲ့ကလေးတွေအတွက် CDP ရံပုံငွေပွဲ ထားဝယ်မှာပြုလုပ်
မိဘမဲ့ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးအစီအစဉ် CDP ရန်ပုံငွေပွဲအဖြစ် ပထမအကြိမ် ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်ပြိုင်ပွဲနဲ့ အနုပညာစွမ်းရည်ပြိုင်ပွဲကို ထားဝယ်မြို့နယ်ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပြီး အဲဒီပွဲကို ဒီဇင်ဘာလ ၃ဝ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။
-
2012-12-28 -
-
-
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်း ဒုက္ခသည် ကလေးသူငယ်များ ဖြစ်ပါသည်။ မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးသူငယ်များအား စစ်သား စုဆောင်းမှု၊ လူကုန်ကူးမှု စသော အခွင့်အရေး ချိုးဖောက်ပြီး မတရား ပြုလုပ်မှု အန္တရာယ်များ ရှိနေပါသည်။ (Photo: AFP)
(Photo: AFP)
ဒီပွဲပြုလုပ်တာဟာ လူငယ်တွေမှာ လူမှုရေးစိတ်ဓာတ်တွေ ဖြစ်ပေါ်စေဖို့နဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုကိုလည်း ထိမ်းသိမ်းနိုင်ဖို့ အဓိကရည်ရွယ်ပြီး ကျင်းပတာလို့ CDP အဖွဲ့ရဲ့ တာဝန်ရှိသုူတစ်ဦးက RFA ကို ပြောပါတယ်။
ကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ် CDP ဟာ ထားဝယ်မြို့မှာရှိတဲ့ မိဘမဲ့ကလေးသူငယ် ၅ဝဝ ကျော်ကို အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအစီအစဉ်တွေမှာ ကူညီပေးနေတယ်လို့ သိရပါတယ်။
အခုပွဲကနေ ရရှိလာမယ့် ရံပုံငွေတွေကိုလည်း ဘုန်းတော်ကြီးသင်ကျောင်းတွေဖြစ်တဲ့ ဇေယျဘုမ္မိကျောင်း၊ ပခုက္ကူကျောင်း၊ လေးထပ်ကျောင်းနဲ့ ကြက်စားပြင်ကျောင်းကြီးကျောင်းတွေကို လှူဒါန်းသွားမယ်လို့ CDP အဖွဲ့က ပြောပါတယ်။