ရနောင်းမြို့ မြန်မာလုပ်သားများ ကားတိုက်လို့ ၄ ဦး သေဆုံး

ထိုင်းနိုင်ငံ ရနောင်းမြို့က SIFCO အအေး ခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ဟာ ဒီနေ့ စက်ရုံသွားဖို့ ကားစောင့်နေစဉ် ကားတိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ကားတိုက်မှုကြောင့် သေဆုံးသွားတဲ့ မြန်မာ ၄ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရစဉ် Photo: Hein Htet/ Facebook

ထိုင်းနိုင်ငံ ရနောင်းမြို့က SIFCO အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၄ယောက်ဟာ ဒီနေ့ စက်ရုံသွားဖို့ ကားစောင့်နေစဉ် ကားတိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။

မြန်မာအလုပ်သမား ၄ ယောက်သေဆုံးပြီး ဆေးရုံတင်ထားရသူ ၈ယောက်ထဲက သုံးယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေတယ်လို့ ရနောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုဟိန်းထက် က ပြောပါတယ်။

"SIFCO အအေးခန်းစက်ရုံက အလုပ်သမားတွေက သွားဖို့အတွက် ဖယ်ရီကားစောင့်နေရင်းကနေ လမ်းဘေးကကားက တာယာပေါက်ပြီးတော့ တိုက်သွားတာ၊ အားလုံးပေါင်း ၁၄ ဦး၊ ၄ ဦးကတော့ ဆုံးသွားပြီ၊ ၈ ဦးကတော့ အပြင်မှာရှိတယ်၊ ၃ ဦးလောက်တော့ အရေးပေါ်ဖြစ်နေတယ်၊ ၂ ဦး ကတော့ ဆေးရုံက ဆင်းခိုင်းလိုက်ပြီ"

ထိုင်းလူမျိုး ယာဉ်မောင်းကို ရနောင်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ရနောင်းမြို့ စဖန်ပလားလမ်းမှာရှိတဲ့ SIFCO အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

စက်ရုံပိုင်ရှင်က သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ မိသားစုဝင်တွေ ရနောင်းမြို့ကို လာရောက်နိုင်ရေး အပါအဝင် သေဆုံးသူတွေရဲ့ ကိစ္စအားလုံးကို တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး မိသားစုဝင်တွေကို ဆက်သွယ်နိုင်ဖို့ ကြိုးစားပေးနေပါတယ်။

ရနောင်းမြို့နယ်က လူမှုရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကလည်း သေဆုံး သူတွေ လျော်ကြေးငွေရရှိဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org