ရွေးကောက်ပွဲ ကိုယ်စားလှယ် မှတ်ပုံတင်ကြေးတွေ စတင်ထုတ်ပေး

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ရှုံးခဲ့ပေမယ့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ပုံ ၁ပုံရဲ့ မဲရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂၆၀၀ ကျော်ကို ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ငွေ ကျပ် ၃သိန်းစီ စတင်ထုတ်ပေးနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ အချက်အလက်စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ရှုံးခဲ့ပေမယ့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ပုံ ၁ပုံရဲ့ မဲရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂၆၀၀ ကျော်ကို ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ငွေကျပ် ၃သိန်းစီ စတင်ထုတ်ပေးနေပါတယ်။

သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ဒီနေ့ကစပြီး ထုတ်ယူခွင့်ပေးနေတာဖြစ်တယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။

"မဲအနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေကို ထုတ်ပေးပိုင်ခွင့်ရှိတယ်၊ နောက်ရွေးချယ်ခံမရပေမဲ့လည်း မဲအရေအတွက် က ၈ ရာခိုင်နှုန်းရတဲ့ပုဂ္ဂိုလ်တွေကို သုံးသိန်း အသုံးစရိတ်ပြန်ထုတ်ပေးပါတယ်၊ ဥပမာ မဲဆန္ဒနယ် ၁ဝဝ ရှိတယ် ဆိုရင် မဲထည့်တဲ့အရေအတွက် ၈ ယောက်လောက်နိုင်ရင် သူ့ကိုပြန်လည်ထုတ်ပေးပါတယ်"

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ကြေးအဖြစ် ငွေကျပ် ၃သိန်း တင်သွင်းပြီး ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

မှတ်ပုံတင်ကြေး တင်သွင်းငွေ ပြန်ထုတ်ပေးတဲ့အထဲမှာ ဆန္ဒမဲ ၈ပုံ ၁ပုံ မရရှိသူတွေနဲ့ ကွယ်လွန်သွားသူတွေ မပါဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူ ၆ထောင်ကျော်ရှိခဲ့ပြီး ကိုယ်စားလှယ် ၁၁၅၀ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးတွေကို လွန်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိသူတွေကိုသာ ပြန်လည်ထုတ်ပေးတာဖြစ်ပြီး ဆန္ဒမဲ ၈ပုံ ၁ပုံရတဲ့ ကိုယ်စားလှယ်လောင်းတွေကိုပါ ထုတ်ပေးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org