ရခိုင်ပြဿနာနဲ့ ရိုက်တာသတင်းထောက်ကိစ္စ ကနေဒါဝန်ကြီး စိုးရိမ်

မြန်မာနိုင်ငံမှာ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စနဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အလွန်တရာ စိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကို တွေ့ရစဉ် Photo: Chrystia Freeland Twitter

မြန်မာနိုင်ငံမှာ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စနဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အလွန်တရာ စိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ဆိုရင်၊ သတင်းလွတ်လပ်ခွင့်အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေအပေါ် လေးစားသမှုရှိရပါမယ်၊ ဒါကြောင့် ရခိုင်ပြည်နယ်က ရာဇဝတ်မှုတွေအကြောင်း သတင်း ရေးသားဖေါ်ပြဝံ့တဲ့ ရိုင်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးအကျဉ်းချခံထားရတဲ့အပေါ် အလွန်တရာ စိုးရိမ်မိတာဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ပြောဆိုခဲ့ပါတယ်။

Chrystia Freeland ဟာ Thomson Reuters Digital သတင်းဌာနရဲ့ အယ်ဒီတာဟောင်းတဦး ဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org