မဘသဥက္ကဌ ဆရာတော်ကို အကြမ်းဖက် ဗုံးဖောက်ခွဲ တိုက်ခိုက်ဖို့ ခြိမ်းခြောက်

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌ ဆရာတော် ဦးတိလောကာ ဘိဝံသ သီတင်းသုံးထိုင်တဲ့ ရန်ကုန်မြို့ အင်းစိန် မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဇန်နဝါရီ ၂၃ ရက်ညက အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးလှန့် ခြိမ်းခြောက်ခံခဲ့ရပါတယ်။

ဆရာတော် ဘဒ္ဒန ္တတိလောကာဘိဝံသရဲ့ သက်တော် ၇၅ နှစ်ပြည့် စိန်ရတု ဝိဇာတကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို မတ်လ ၂ ရက်နေ့က အင်းစိန်ရွာမ ပရိယတ္ထိစာသင်တိုက်တွင် ပြုလုပ်စဉ် photo: NLD Facebook

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌ ဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးထိုင်တဲ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဇန်နဝါရီ ၂၃ ရက်ညက အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးလှန့်ခြိမ်းခြောက်ခံခဲ့ ရပါတယ်။

ဥက္ကဌဆရာတော်ထံကို ည ၇ နာရီခွဲခန့်မှာ မလေးရှားနိုင်ငံ ကုတ်နံပါတ် ၆၀ နဲ့ စတင် တဲ့ နိုင်ငံခြားဖုန်းတစ်လုံးဝင်လာပြီး ကျောင်းဝင်းထဲမှာ ဗုံးထောင်ထားကြောင်း၊ ၁၂ မိနစ်အတွင်း ကျောင်းဝင်း က ထွက်ခွာဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရွာမ ပရိယတ္တိကျောင်းတိုက်မှာ သီတင်းသုံးတဲ့ မဘသအဖွဲ့ဝင် ဆရာတော်ဦးဝိမလက RFA ကို မိန့်ကြားပါတယ်။

"၇ နာရီခွဲလောက်မှာ နိုင်ငံခြားဖုန်းနံပါတ်နဲ့ခေါ်တယ်၊ အဲ့ဖုန်းကမကြားရဘူး၊ မကြားရတော့ ၇ နာရီ ၃၂ မှာ ၀၀၆၆၊ ၆၀ စတဲ့ နံပါတ်နဲ့ဝင်လာတော့ တစ်မိနစ်လောက် စကားပြောလိုက်ရတယ်၊ ခြိမ်းခြောက်တာပေါ့ကွာ၊ ကြောက်မလားဆိုပြီးတော့ မနေ့ကတုန်းက အမျိုးသားလွှတ်တေ်ာမှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို သုံးသပ်ဆွေးနွေးတာရှိတယ်၊ ဒါတွေကိုကြည့်ပြီးတော့ သူတို့က ဘာဖြစ်မယ်ညာဖြစ်ဆိုတဲ့ပုံစံ လုပ်မယ်ထင်ပါတယ်"

ဖုန်းလက်ခံရရှိပြီးနောက်ပိုင်း သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့က လာရောက်ရှာဖွေစစ်ဆေးရာမှာ ည ၈ နာရီကနေ ၁၁ နာရီထိ ၃နာရီကြာ ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ရာမှာ တစ်စုံတစ်ရာမတွေ့ခဲ့ဘူးလို့ သိရပါတယ်။

အခုလို မဘသအဖွဲ့ ဥက္ကဌဆရာတော် ခြိမ်းခြောက်ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းကတော့ မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝိရသူရဲ့ မန္တလေမြို့တရားပွဲမှာ လက်လုပ်ဗုံးတစ်ခု ပေါက်ကွဲခဲ့ပါတယ်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌဆရာတော်ကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်တာနဲ့ ပတ်သက်လို့ မဘသအဖွဲ့ နာယက ဆရာတော်တစ်ပါးဖြစ်သူ ဦးပါမောက္ခကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်လျှောက်ထားတင်ပြတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org