တောင်ကြီး EPC ရုံးအနီး ဗုံးပေါက်ကွဲ

တောင်ကြီးမြို့ပေါ်က လျှပ်စစ်ရုံး EPC အနီးမှာ ဒီနေ့ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တောင်ကြီးမြို့မှာ ၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့က EPC ရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာစဥ် Photo CJ
တောင်ကြီးမြို့ပေါ်က လျှပ်စစ်ရုံး EPC အနီးမှာ ဒီနေ့ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“ကားထိတယ်။ ထိတဲ့ကားက လျှပ်စစ်ရုံး ပြည်နယ်မှူးရဲ့ ကားတဲ့ရှင့်”
 
ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးနားမှာရပ်ထားတဲ့ ကားတစ်စီး ထိခိုက်သွားခဲ့ပြီး လူတွေထိခိုက်တာမျိုးတော့ မရှိဘူးလို့လည်း ဆိုပါတယ်။
 
အဲဒီလျှပ်စစ်ရုံးဟာ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။
 
ဒီလို လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဟာ အခုဇူလိုင်လထဲမှာဆိုရင် တောင်ကြီးမြို့အပြင် ရန်ကုန်မြို့ ပေါ်က မြို့နယ်လျှပ်စစ်ရုံးတွေမှာပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org