ရခိုင်ပြည်နယ် လူထုကို ကာကွယ်ဖို့ လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက်ခိုက်နေတာတွေကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာလူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက်ခိုက်နေတာတွေ ကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာ လူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဦးကျော်ဝင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမဆန်စွာပြုကျင့်နေတာတွေကို အထင်အရှား မြင်နိုင်ကြောင်းနဲ့ လက်ရှိမှာ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်မှုတွေကြောင့် ဒေသခံရွာသား၂ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း စသဖြင့် ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org