မြန်မာ့ဆန် တန်ချိန် ၂ သိန်းအထိ ဘင်္ဂလားဒေ့ရှ် ဝယ်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းမှ ၂ သိန်းအထိ ရှေ့လာမယ့် ဇူလိုင်လမှာ ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာဆန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။ ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစိုးရချင်း သဘောတူထားတာဖြစ်ပါတယ်။

နိုင်ငံခြားကိုတင်ပို့မယ့် မြန်မာနိုင်ငံက ဆန်အိတ်တချို့ကို တွေ့ရစဉ် .

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းမှ ၂ သိန်းအထိ ရှေ့လာမယ့် ဇူလိုင်လမှာ ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာဆန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။  ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစိုးရချင်း သဘောတူထားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ၂ဝ၁၇ ခုနှစ်က ဆန်တန်ချိန် ၁၂ သိန်းကို တင်ဒါခေါ်ပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၃ သိန်းရောင်းမယ်လို့ MoU သဘောတူညီချက် လက်မှတ်ရေးထိုး ထားပြီး မနှစ်က ဒီဇင်ဘာလအထိ တန်ချိန် ၁ သိန်း တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၈-၁၉ ခု ဘဏ္ဍာနှစ်တွေမှာ ဆန်နဲ့ ဆန်ကျိုးကနေ အမေရိကန်ဒေါ်လာ ၉၆ သန်း ရရှိခဲ့ပြီး အခုနှစ် မေလ ၁၁ ရက်အထိ တန်ချိန် ၂ သိန်း ၇ သောင်း နိုင်ငံခြားကို တင်ပို့ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မနှစ်က ၂ဝ၁၇-၁၈  ခု ဘဏ္ဍာနှစ်မှာ ဈေးကွက်သစ်တွေ စတင်ရရှိလာတာကြောင့် အနှစ် ၅ဝ အတွင်း စံချိန်အဖြစ်နဲ့ ဆန်တန်ချိန် ၃.၆ သန်းလောက် နိုင်ငံခြားကို တင်ပို့ခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org