ဧရာဝတီမြစ်ရေမြင့်တက် ပဲစိုက်ခင်းတွေ ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြေပဲစိုက်ခင်း ဧက တစ်ထောင်လောက် ရေနစ်မြုပ်နေ တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြေပဲစိုက်ခင်းတွေ ရေနစ်မြုပ်နေတာကို တွေ့ရစဉ် Photo: Myint Lwin

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြေပဲစိုက်ခင်းဧက တစ်ထောင်လောက် ရေနစ်မြုပ်နေတယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

တချို့တောင်သူတွေက ရေနစ်မြုပ်နေတဲ့ စိုက်ခင်းတွေကနေရသလောက် ရိတ်သိမ်းနေကြပေမယ့် သီးနှံတွေ အောင်မြင်မှု ရှိ မရှိ ကတော့ မသေချာဘူးလို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က ပြောပါတယ်။

"ဧရာဝတီမြစ်ရေတက်တော့ မြေနုကျွန်းမှာစိုက်တဲ့ သီးနှံတွေ နောက် မြစ်ကမ်းနားမှာစိုက်တဲ့ သီးနှံတွေမြုပ်တာပေါ့။ အဲဒါတွေကို တချို့တောင်သူတွေကတော့ နှုတ်လို့ရတဲ့ မြေပဲခင်းတွေကို အချိန်မီ သူတို့ နှုတ်ကြတာပေါ့လေ။ အောင် မအောင်တော့ သိပ်မသေချာဘူးပေါ့။ မမြုပ်ခင်လည်း မိုးဇလနဲ့ ကျနော်တို့က ကြေညာပေးထားတာ ဖြစ်တဲ့အတွက် မြစ်ရေတက်မှာကိုသိလို့ ကြိုနှုတ်တဲ့အဖွဲ့တွေ က နှုတ်ထားကြတယ်လေ"

ရေနစ်မြုပ်မှုကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေကို စာရင်းကောက်ယူနေပြီး မြေစာရင်းဌာနနဲ့ စိုက်ပျိုးရေးဌာနကို တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

ကသာမြို့နယ်က ကုန်းသာ၊ မိုးတားလေး၊ မင်းလယ်၊ ပလွေရှည်နဲ့ ဒုံးအော စတဲ့ ကျေးရွာအုပ်စုတွေမှာ ဧရာဝတီမြစ်ရေတက်ပြီး စိုက်ခင်းတချို့ ပျက်စီးသွားပေမယ့် ကြိုတင်သတိပေးထားတာကြောင့် မနှစ်ကလောက် ပျက်စီးဆုံးရှုံးမှု မများဘူးလို့လည်း သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့နဲ့ ကသာမြို့တွေမှာ ပြီးခဲ့တဲ့ သုံးရက်အတွင်း ၇ ပေခွဲကနေ ၉ ပေလောက် အထိ မြင့်တက်ခဲ့ပေမယ့် ဒီကနေ့ကစတင်ပြီး ပြန်လည်ကျဆင်းနေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org