ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တစ်ဦးကို ဝေဖန်သူကို ထောင်ဒဏ် ၆ လ အမိန့်ချ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်စဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။

နိုင်ငံသားများရဲ့လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတို့နဲ့ ထောင်ဒဏ် ၆ လစီ တပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်ခံရတာလို့ ဦးအောင်သန်းဝေက ပြောပါတယ်။

ဇန်နဝါရီလက မြောက်ဦးမြို့မှာ ဖြစ်ခဲ့တဲ့ အဓိကရုန်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်တဲ့အတွက် အခုလို တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင်က ဆက်ပြီးတင်ပြဖို့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org