လယ်သမားအရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
-
2012-08-03 -
-
-
ကော့မှူးမြို့နယ်က မဟာဝိဇောဓရ ကျောင်းတိုက်မှာ ဝါးဘလောက်သောက် ကျေးရွာအုပ်စုက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို လယ်သမားတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆည်မြောင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။
"ဝါးဘလောက်သောက် ကျေးရွာအုပ်စုကိုသွားမလို့ လမ်းအခြေအနေ မပေးတော့ ဒီကော့မှူးမြို့ပေါ်မှာပဲ တွေ့လိုက်ရတယ်။ ဝါးဘလောက်သောက် ကျေးရွာအုပ်စုနဲ့။ တောင်သူ လယ်သမားတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့တွေ့။ သူတို့ လယ်တွေ ရေကြီးနေတဲ့ ကိစ္စ၊ ဘာကိစ္စလေးတွေ သူတို့ တင်ပြကြတယ်။ အစ်မလည်း အဲတာကို သူတို့ တင်ပြချက်ကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆည်မြောင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးတော့ ညှိနှိုင်းသွားကြတာပါပဲ"
အခုခရီးစဉ်နဲ့ ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လယ်သမားတွေ အရေးကို လွှတ်တော်မှာ မကြာခင် တင်ပြနိုင်ဖွယ် ရှိတယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။