မြန်မာ့အရေး စူပါမင်းတောင်ဖြေရှင်းနိုင်မယ် မထင်ဘူးလို့ အာဆီယံ အထူးသံပြောကြား

ယုံကြည်မှုနဲ့ နိုင်ငံရေးအရ ဆန္ဒမရှိမှုက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အတားအဆီးဖြစ်ရတယ်လို့ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးကိုယ်စားလှယ် Prak Sokhonn က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း၏ မြန်မာနိုင်ငံခရီးစဉ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Ministry of Foreign Affairs and International Cooperation - Cambodia

ယုံကြည်မှုနဲ့ နိုင်ငံရေးအရ ဆန္ဒမရှိမှုက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အတား အဆီးဖြစ်ရတယ်လို့ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးကိုယ်စားလှယ် Prak Sokhonn က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးပြီး လက်ဆုပ်လက်ကိုင်ပြနိုင်လောက်တဲ့ တိုးတက်မှု မရှိမချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံက ရှောင်ရှားမြဲ ရှောင်ရှားမယ်လို့လည်း ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်လည်းဖြစ်၊ ဒီသီတင်းပတ်အတွင်း ကျင်းပတဲ့ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးဥက္ကဋ္ဌလည်းဖြစ်တဲ့ Prak Sokhonn က တစ်ဆက်တည်း ပြောတဲ့အကြောင်း CNA သတင်းက ဖော်ပြပါတယ်။

ပါဝင်ပတ်သက်တဲ့ အဖွဲ့တိုင်းက တိုက်ပွဲဝင်နေတာ နောက်ဆုတ်မယ့် စိတ်ဆန္ဒရှိတာကို မမြင်မတွေ့ရတဲ့အတွက် မြန်မာ့အရေးကိစ္စကို သူလက်မလျှော့ဘူးလို့လည်း ပြောပါတယ်။

ကျနော်ဟာ အထူးသံတမန်တစ်ဦးပဲ ဖြစ်ပါတယ်။ ကျနော်က စူပါမင်း Superman မဟုတ်ပါဘူးလို့လည်း ဖနွမ်းပင်မြို့မှာ သတင်းထောက်တွေကို Prak Sokhonn က ပြော ပါတယ်။ စူပါမင်းတောင် မြန်မာ့အရေးဖြေရှင်းနိုင်မယ် မထင်ဘူးလို့လည်း ပြောပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက မကြာခင်က ကွပ်မျက်တာဟာ ငြိမ်းချမ်းရေးအတွက် ဘယ်မျှော်လင့်ချက်ကိုမဆို အကြီးအကျယ်ထိုးနှက်တာဖြစ်ပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိရင် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ သဘောထားကို ပြန်လည် သုံးသပ်စဉ်းစားဖို့ အာဆီယံက သဘောတူထားတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org