ဦးနေမျိုးဝေ ကို ဖမ်းဆီးထား

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိူးေ၀ ဟာ နိုင်ငံတော် အကြီး အကဲတွေကို ဖေ့စ်ဘွတ်မှာ စော်ကားရေး သားတဲ့အတွက် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိူးေ၀ ကို တွေ့ရစဉ် Photo: Nay Myo Wai Facebook

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိူးေ၀ ဟာ နိုင်ငံတော် အကြီးအကဲတွေကို ဖေ့စ်ဘွတ် မှာ စော်ကားရေးသားတဲ့အတွက် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီနေ့ကစပြီး လာမယ့် မေလ ၁၉ ရက်နေ့အတွင်း ဦးနေမျိုးေ၀ ကို တရားစွဲမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့် မြို့မရဲစခန်းက စခန်းမှူး ဒုတိယရဲမှူး ဦးမင်းဆွေ က ပြောပါတယ်။

"မနေ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေပြီးတော့ ကူညီဖမ်းဆီးပေးလို့ ကျနော်တို့ ပုသိမ်ကိုခေါ်ချလာတာဗျ၊ ပုသိမ်အကျဉ်းထောင်မှာ ချုပ်ထားတယ်၊ ဒီကြားထဲမှာ အမှုအားလုံစစ်ဆေးမယ်၊ ဥပဒေအရာရှိတွေဆီ အကြံပြုချက်တောင်းမယ်၊ အကြံပြုချက်ရတာနဲ့ ၁၉ ရက်နေ့အတွင်း မြို့နယ်တရားရုံးကို တရားစွဲတင်ပါမယ်"

ဦးနေမျိူးဝေဟာ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နာပေါ်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချူပ်တို့ကို စော်ကားတဲ့စာတွေ လုပ်ကြံထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာကြောင့် ကန်ကြီးဒေါင့် မြို့နယ် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများသမဂ္ဂက ဦးဝေယံအောင် က တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးနေမျိုးဝေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကြေညာချက် ထုတ်ပြန်ုလိုက် ပါတယ်။ အဲ့ဒီကြေညာချက်မှာ ဦးနေမျိုးဝေကို ဖမ်းဆီးတာဟာ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဌ ရဲ့ပုံရိပ်ကို ဆိုးဝါစွာထိခိုက်စေကြောင်းနဲ့ ဦးနေမျိူးဝေဟာ တစ်နိုင်ငံလုံးက လေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ အမြန်ဆုံး ပြန် လွှတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါရှိပါတယ်။

ဦးနေမျိုးေ၀ ကို ရဲတပ်ဖွဲ့က ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ မနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org