သံတွဲပဋိပက္ခအပြီး လူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထား

သံတွဲမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ သံသယရှိသူ စုစုပေါင်း ၁၆ ဦးလောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်အစိုးရ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ပဋိပက္ခအတွင်း မီးရှို့ခံရတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ် photo: RFA/ Myo Zaw Ko

သံတွဲမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ သံသယရှိသူ စုစုပေါင်း ၁၆ ဦးလောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်အစိုးရ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

သံတွဲခရိုင် ဒုရဲမှူး ဦးကျော်တင့်ကလည်း လက်ရှိဖမ်းဆီးထားတာ ၁ ဦးအထက်ရှိသွားပြီလို့ RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သံသယရှိသူတွေထဲမှာ သံတွဲမြို့နယ် အမျိုးဘာသာ၊ သာသနာအဖွဲ့င် သုံးဦးအပြင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဦးစောလှိုင်() ဦးမောင်ပုလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က သံတွဲမြို့နယ် လင်းသီကျေးရွာမှာ ဂျင်ကလိ၊ ဓာတ်ဆီလောင်စာပုလင်းတွေ စုဆောင်းထားရှိတဲ့ ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ် သဗြုချိုင်၊ ပေါက်တောစတဲ့ကျေးရွာတွေမှာ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့မှုတွေကြောင့် နေအိမ်အလုံးရေ ၁ဝဝ ကျော် မီးထဲပါသွားခဲ့ပြီး သေဆုံးသူ ၅ ဦးရှိတယ်လို့ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အတည်ပြုပြောပါတယ်။

သံတွဲပဋိပက္ခအပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ သံတွဲမြို့နယ်ဥက္ကဌ ဦးစောလှိုင်() ဦးမောင်ပု အပါအင် နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအပါအင် လူ ၁၆ ဦးလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org