ဟိုပင်မြို့နယ် မူးယစ်ဆေး ဖမ်းဆီးမှု ဆေးသမား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဟိုပင်မြို့အရှေ့မြောက် ဘက် တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲ သူတွေကို တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဒီနေ့ မနက်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
-
2014-07-28 -
-
-
ကချင်ပြည်နယ် ဟိုပင်မြို့အရှေ့မြောက်ဘက် တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေကို တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဒီနေ့မနက်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟိုပင်မြို့နယ်ခွဲရဲ့ NLD ပါတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အခုလိုပြောပြပါတယ်။
"လယ်တွေကြားထဲမှာပဲ နံပါတ်ဖိုးရောင်းတဲ့လူတွေက အဲဒီမှာသွားပြီးတော့ နံပါတ်ဖိုးရောင်းကြတယ်၊ ပစ်တာကတော့ စစ်တပ်ကပစ်တာပဲ၊ ဟိုပင်ဒေသမှာ လှုပ်ရှားနေတာကတော့ တပ်မ ၆၆ ပဲ၊ ပစ်ပြီးတော့ ဖမ်းတာပေါ့၊ မြို့အစွန်အဖျားကလူတွေကတော့ ကြားရတယ်၊ တိုက်ပွဲဖြစ်တယ်လို့ ထင်နေကြတာ မနက် ၉ နာရီခွဲလောက်ကပါ"
ဟိုပင်မြို့က လယ်ကွက်တွေနဲ့ တောစပ်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေဟာ အခုအခါ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ်ဟာ ရှမ်းပြည်နယ်ပြီးရင် မူူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဒုတိယအများဆုံးပြည်နယ် ဖြစ်တယ်လို့ သိရပါတယ်။