မြိတ်ခရိုင်မှာ တပ်မတော်သား ၁၁,ဝဝဝ ဆန္ဒမဲပေးကြမည်

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မြိတ်ခရိုင်အခြေစိုက် တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့ မြိတ်ခရိုင်ရွေးကောက် ပွဲကော်မရှင် ရွေးကောက်ပွဲ အရာရှိ တစ်ဦးက ပြောပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မြိတ်ခရိုင်အခြေစိုက် တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ အရာရှိ တစ်ဦးက ပြောပါတယ်။

မြိတ်ခရိုင်မှာ တပ်မတော်ကနေ မဲပေးခွင့်ရှိသူစာရင်းတွေကို ထုတ်ပြန်ပေးထားတယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးလှိုင်ဘွားက ပြောပါတယ်။

"တပ်ပါတဲ့ ရပ်ကွက်တွေ ကျေးရွာအုပ်စုတွေဆိုလို့ရှိရင် ကျနော်တို့က အဲ့ဒီရပ်ကွက်ကျေးရွာအုပ်စုကို တပ်စာရင်း ကို သက်သက်ကိုပေးလိုက်တယ်၊ အဲ့ဒီတော့သူတို့ တွဲပြီးကြေညာလို့ရအောင် တပ်မတော်သား မဲဆန္ဒရှင်စာရင်း ဆိုပြီး သက်သက်ကြေညာလို့ရအောင် ဆိုပြီးပေးထားတာ၊ မြိတ်မှာက ၂၁၇၆ ဦး၊ နောက် ကျွန်းစုမြို့နယ်မှာက ၁၇၄၆ ဦး၊ ပုလောမှာကျတော့ ၁၅၇၂ ဦး၊ တနင်္သာရီမှာက ၁ဝ၇၇ ဦး အဲ့ဒါက လောလောဆယ် ကျနော် တို့ကောက်ထားတဲ့စာရင်း ၁၁၅၆၆ ယောက်ရှိတယ်၊ ကျွန်းစုက ရေတပ်တစ်ခုပဲရှိတာ ပုလောမှာက ၁၂ တပ်၊ တနင်္သာရီမှာက ၅ တပ် အဲ့ဒါပဲရှိတယ်"

မြိတ်ခရိုင်အတွင်းမှာပါတဲ့ မြိတ်၊ ပုလော ၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာ တပ်ရင်းပေါင်း ၄၅ ရင်း ရှိပါတယ်။

တပ်မတော်သားတွေအတွက် တပ်မဲရုံတွေကို စီစဉ်ပေးမှာဖြစ်ပြီး တနင်္သာရီမှာရှိတဲ့ တပ်မတော်သားတွေက နီးစပ်ရာကျေးရွာတွေမှာ မဲထည့်ရကြမယ်လို့ ရွေးကောက်ပွဲ အရာရှိက ပြောပါတယ်။

တပ်မတော်အတွင်းက မဲရုံတွေမှာ ပါတီတွေက ကိုယ်စားလှယ်တွေ၊ သတင်းသမားတွေနဲ့ ရွေးကောက်ပွဲစောင့် ကြည့်သူတွေပါ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး တပ်မတော်သားတွေ ကြိုတင်မဲပေးမယ်ဆိုရင် ပုံစံ ၁၅ နဲ့ လျောက်ထားရမှာဖြစ်ပါတယ်။

မြိတ်ခရိုင်မှာ မဲရုံပေါင်း ၅၈၈ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၃ သိန်း ၇ သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org