ရေးမြို့က မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး

မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ် ပါတီ ဆက်ဆံရေးရုံးကို လက်နက်ရှိ၊ မရှိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးရှာဖွေပြီး ဆက်သွယ်ရေးစက်တစ်လုံး သိမ်းဆည်းသွားတယ် လို့ ရေးမြို့မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် Photo: မွန်ကရင် ပြည်သူ့မီဒီယာ/ Facebook

မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို လက်နက်ရှိ၊ မရှိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးရှာဖွေပြီး ဆက်သွယ်ရေးစက်တစ်လုံး သိမ်းဆည်းသွားတယ်လို့ ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။

အခုလိုလုပ်တာဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလျောနည်းစေတယ်လို့ ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအုပ် နိုင်သန်းက ပြောပါတယ်။

ဒီနေ့မနက် ၁၁နာရီက ရေးမြို့အခြေစိုက် ခမရ ၅၈၇ က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အင်အား ၂၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးက ဆက်ဆံရေးရုံးကို လက်နက်ရှိ မရှိ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးရာမှာလက်နက်မတွေ့ဘဲ အရင်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးစဉ်ကတည်းက အသုံးပြုနေတဲ့ ဆက်သွယ်ရေး စက်တစ်လုံးကို သိမ်းဆည်းသွားတာဖြစ်ပါတယ်။

မနေ့ကလည်း ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူ မြို့အထွက်နားက မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်နှစ်ခုဖြစ်တဲ့ ဘုရားတောင်ဂိတ်စခန်းနဲ့ သံဖြူဇရပ်မြို့ အဝင်မှာရှိတဲ့ ဇီးနှစ်ပင်ဂိတ်စခန်းတို့ကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။

ဒီနေ့မှာ အစိုးရတပ်မတော်ယာဉ်တွေဟာ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူတစ်လျောက်မှာ စစ်ရေးလှုပ်ရှားတာတွေပြု လုပ်နေပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org