လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ မြစ်ကြီးနား ကို စုံညီဆိုက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ဒီနေ့ရောက်ရှိသွားပါတယ်။

မြစ်ကြီးနားမြို့ကို နိုဝင်ဘာလ ၃ရက်နေ့က ရောက်ရှိလာ တဲ့ ကေအိုင်အိုနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် များကို ကြိုဆိုနေတဲ့ ဂျိန်းဖောတိုင်းရင်းသားများကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟာ မြစ်ကြီးနားမြို့ကို ဒီနေ့ရောက်ရှိသွားပါတယ်။

လိုင်ဇာဆွေးနွေးပွဲကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က  ကိုယ်စားလှယ်တွေ ဒီနေ့ညနေပိုင်းမှာ မြစ်ကြီးနားမြို့ ကို ရောက်ရှိတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေစိုက်  ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးဆန်းအောင်က အခုလိုပြောပါတယ်။

"အားလုံး ၁၈ ဖွဲ့ ရောက်နေပါပြီ၊ KNU၊RCSS၊SSPP တို့ အားလုံးရောက်နေပါပြီ၊ ၄ရက် ၅ ရက် နှစ်ရက်ဆွေးနွေးမှာပေါ့"

ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့မှာ မနေ့က တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ ဆွေးနွေးသဘောတူညီမှု ကနေ ဘုံရပ်တည်ချက်တစ်ခု ချမှတ်နိုင်ခဲ့ပြီး မနက်ဖြန်မှာ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးကြမှာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org