ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရဝန်ကြီးတွေ ဧပြီ ၄ မှာ ကျမ်းသစ္စာကျိန်ဆိုမည်

လာမယ့် ဧပြီလ ၄ ရက်နေ့မှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး အမည်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက လွှတ်တော်အသီးသီးမှာ တင်ပြပြီး တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးတွေက ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုစဉ် Photo: Kyaw Lwin Oo/RFA

လာမယ့် ဧပြီလ ၄ ရက်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးအမည်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေက လွှတ်တော်အသီးသီးမှာ တင်ပြပြီး တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးတွေက ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ အတည်ပြုချက်ရပြီးတာနဲ့ လွှတ်တော်အားလုံးမှာ ဝန်ကြီးတွေ တစ်ပြိုင်တည်း ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။

"၄ ရက်နေ့ကို သူကလည်း အတည်ပြုပြီးတော့ ကြေညာမယ်၊ ကတိသစ္စာပြုမယ်ဆိုတော့  တစ်နိုင်ငံလုံး တညီ တည်းပဲ ဆုံဖြစ်ကြဖို့များတယ်လေ၊ အဲ့ဒီတော့ ၄ ရက်နေ့  သို့မဟုတ် ၅ ရက်နေ့ တစ်ရက် ရက်တော့ဖြစ်မယ် ထင်ပါတယ်၊ ပြည်ထောင်စု  ဝန်ကြီးဌာနတွေကိုလည်း လျော့ချလိုက်တယ်ပေါ့နော် ၊ ပြည်နယ်အစိုးရတွေ မှာလည်း  ပေါင်းပေးလိုက်လိမ့်မယ်လို့ထင်ပါတယ်၊ အဓိက သမ္မတကြီး အတည်ပြုပေးမှာ  အဲ့ဒီအချက်ပါပဲ၊ ဘယ်လိုပုံစံနဲ့ ပေါင်းပေးမလဲဆိုတာ ကျနော်လည်း အဲ့ဒါကို  မပြော တတ်သေးဘူးပေါ့နော်၊ ပြည်ထောင်စု တစ်ခုလုံးမှာ တညီတည်းပေါ့နော်  တစ်စိတ်တစ်ဝမ်းတည်း လုပ်နိုင်ဖို့အတွက် နေပြည်တော်က ကျနော်တို့  ပါတီကိုကလည်း ကြိုးစားနေပါတယ်၊ သမ္မတကြီး ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း  ကြိုးစားနေပါတယ်"

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၇ ဦးတို့ဟာ မနေ့က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ဒေါက်တာလင်းထွဋ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org