ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အယူခံတင်

ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံ တင်သွင်းလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/ RFA

ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံ တင်သွင်းလိုက်ပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ စီရင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ဒီအမှုရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေ အရ တိုင်းလွှတ်တော်က အမိန့် တစ်စုံတစ်ရာ ချမှတ်မယ်ဆိုရင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် ကောင်းတဲ့ ရလဒ်တွေ ရလာနိုင်တယ်လို့ မျှော်လင့်မိကြောင်း သူတို့အမှုကို ရှေ့နေလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေကို လက်ဝယ်တွေ့ရှိလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် စီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org