ရွှေ့ပြောင်း အလုပ်သမားအရေး တိုက်ပွဲဝင်သူ အမှုစတင်
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ်ဘောဒီး ယား ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို သတင်းဖေါ်ထုတ်ပေးနေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ဟာ မနေ့က ဘန်ကောက်မြို့ တရားရုံးတစ်ရုံးမှာ အသရေဖျက်မှုနဲ့ စတင် အမှုရင်ဆိုင်ခဲ့ရပါတယ်။
-
2014-09-03 -
-
-
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြ တဲ့ မြန်မာနဲ့ ကမ်ဘောဒီယား ရွှေ့ပြောင်းအလုပ်သ မားတွေ အရေးကို သတင်းဖေါ်ထုတ်ပေးနေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ဟာ မနေ့က ဘန်ကောက် မြို့ တရားရုံးတစ်ရုံးမှာ အသရေဖျက်မှုနဲ့ စတင် အမှုရင် ဆိုင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက ရန်ကုန်မြို့မှာနေထိုင်တဲ့ သူ့ကို Al Jazeera ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ ပြောကြား ခဲ့တာတွေဟာ အသရေဖျက်မှု ဖြစ်တယ်ဆိုပြီး National Fruit ထိုင်း သစ်သီးကုမ္ပဏီကြီးက တရားစွဲ ဆိုတာ ဖြစ်ပါတယ်။
ဒီအလုပ်သမားတွေဟာ သစ်သီးခြံတွေမှာသာမက ပဲ ပြည်ပကုန်ထုတ်လုပ်ငန်းမှာ အဓိကဖြစ်တဲ့ ငါး၊ ပုဇွန်လုပ်ငန်း၊ ကြက်သားထုတ်လုပ်ရေးလုပ်ငန်း ၊ ရောဘာနဲ့ တခြားစိုက်ပျိုးရေးလုပ်ငန်းတွေမှာလဲ ထိုင်းအလုပ်ရှင်တွေရဲ့ မတရားခေါင်းပုံဖြတ်မှုကို ခံနေကြရတယ်လို့ Andy Hall က အင်တာနက် အီးမေးလ်ကနေ မကြာခဏ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
တရားရုံးက ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် လျော်ကြေးအဖြစ် ဘတ်ငွေသန်းပေါင်း ၃ဝဝ ပေးဆောင်ရမှာဖြစ် ပြီး ထောင်ဒဏ်အနည်းဆုံး တစ်နှစ်ကျခံရဖွယ် ရှိတယ်လို့သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဦးခင်မောင်ညိန်းက Andy Hall ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာ နားဆင် နိုင်ပါတယ်။