ထောင်တွင်း ဖန်တီးမှုအနုပညာပြပွဲ ဖွင့်လှစ်

နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်း ဖန်တီးမှုအနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show ကို ရန်ကုန်မြို့ ပန်းဆိုးတန်း စာပေလောကတိုက် အပေါ်ထပ်မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန်မြို့ ပန်းဆိုးတန်း စာပေလောကတိုက် အပေါ်ထပ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ထောင်တွင်း ဖန်တီးမှုအနုပညာ ၂၀၁၂ Amnesty Prison Art Show ဖွင့်ပွဲ ပြုလုပ်နေစဉ်။ RFA

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထောင်ထဲနေရတဲ့ ကာလတုန်းက ရေးဆွဲထားတဲ့ ပန်းချီကားတွေ၊ ချည်ထိုးပန်းချီတွေ အပါအဝင် အနုပညာလက်ရာတွေ စုစုပေါင်း ၁၂၀ ကျော်လောက် ပြသတဲ့ပွဲ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စီစဉ်တဲ့ ဒီပြပွဲကို မတ်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပေမယ့် နောက်ထပ် ရက်တိုးပြသဖို့ ခွင့်ပြုချက် ထပ်တင်ထားတယ်လို့ ဆိုပါတယ်။ ဒီနေ့ဖွင့်ပွဲမှာ ပြည်တွင်း ပြည်ပသတင်းထောက်တွေ၊ အနုပညာရှင်တွေ၊ တခြားစိတ်ဝင်စားသူတွေ တော်တော်များများ လာရောက် အားပေးကြည့်ရှုကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုပြုံးချိုနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org