ALD ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မနေ့က မှတ်ပုံတင်ခွင့်ပြုပေးလိုက် ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့ အလံနဲ့ တံဆိပ် ပုံစံ .

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က မှတ်ပုံတင်ခွင့်ပြုပေး လိုက်ပါတယ်။

ပါတီရဲ့ ဗဟိုဌာနချုပ်ကို ကျောက်တော်မြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဗဟိုရုံးခွဲတွေကိုတော့ တောင်ကုတ်နဲ့ ရန်ကုန်မြို့တွေမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ပြန်လည်မှတ်ပုံတင်ဖို့ ကြိုးပမ်းရာမှာပါဝင်တဲ့ ဦးမျိုးကျော် ကပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ဟာ ၂၀၁၄ ခုနှစ်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ပါတီပေါင်းစည်းပြီးတဲ့နောက်ပိုင်းမှာ နှစ်ဘက်ပါတီဟောင်းခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲတာတွေ၊ ညှိနှိုင်းလို့အဆင်မပြေတာတွေရှိခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေဟာ ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ပါတီကနေ ထုတ်ပယ် ခံခဲ့ရပြီး မူလပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org