စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ

RFA Burmese
2025.04.19
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ ကျည်တောက်ပေါက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်တွင်တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဧပြီလ ၁၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲခံရပြီး အရပ်သားခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပေါင် ၅၀၀ ဗုံးကြဲတာဗျ။ ယောက်ျားလေး လေးဦး၊ မိန်းကလေး နှစ်ဦး ဒဏ်ရာရသွားတာပါ။ အသက်လက်ပိုင်းတွေချည်းပဲဗျ”

ဒီအပြင် ကျည်တောက်ပေါက်ရွာ စာသင်းကျောင်းဆောင် သုံးဆောင်လည်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်မယ်ဆိုပြီး ဧပြီလ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ သီတင်း သုံးပတ်ကြာအောင် အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ ဒီကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။