ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးပြီး အမှုရုပ်သိမ်းဖို့ AI တောင်းဆို

မြန်မာအာဏာပိုင်တွေအနေနဲ့ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုထားတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးသင့်ပြီး၊ သူတို့အပေါ် စွဲဆိုထားတဲ့အမှုကိုလည်း ရုပ်သိမ်းသင့်တယ်လို့ ဗြိတိန်အခြေစိုက် Amnesty International အဖွဲ့က တောင်းဆို လိုက်ပါတယ်။

၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကို တွေ့ရစဉ်။ RFA

မြန်မာအာဏာပိုင်တွေအနေနဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုထားတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးသင့်ပြီး၊ သူတို့အပေါ် စွဲဆိုထားတဲ့အမှုကိုလည်း ရုပ်သိမ်းသင့်တယ်လို့ ဗြိတိန်အခြေစိုက် Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေ အစုလိုက် သတ်ဖြတ်ခံခဲ့ရတာကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အတွက် ရိုက်တာသတင်းထောက် ၂ ဦးကို မြန်မာအာဏာပိုင်တွေက ထောက်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း၊ ဒါဟာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေကို ဖမ်းဆီးအပြစ်ပေးတဲ့ စစ်အစိုးရ ခေတ်အဆက်ဆက် သုံးတဲ့နည်းလမ်းဟောင်းတွေကို ဆက်ပြီးသုံးစွဲနေတာဖြစ်ကြောင်း AI အဖွဲ့ရဲ့ အာရှရေးရာညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

၂ဝ၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆေးချိန်နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တဲ့ AI ရဲ့ ကြေညာချက်မှာ... ခြောက်လကြာ အမှုစစ်ဆေး ကြားနာခဲ့စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ကျင့်ဝတ်မညီဘဲ လုပ်ဆောင်ခဲ့တာတွေနဲ့၊ ရှေ့နောက်မညီတဲ့ ထွက်ဆိုချက်တွေကိုသာ ကြားခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org