ကရင်နီ ၄ ဦးသတ်မှု စုံစမ်းဖို့ AI တောင်းဆို

မြန်မာအာဏာပိုင်တွေအနေနဲ့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလက အစိုးရစစ်သားတွေသတ်ဖြတ်တာခံခဲ့ရတဲ့ ကရင်နီအမျိုးသား ၄ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး သမာသမတ်ကျ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

KNPP တပ်သား ၄ ဦးကို တပ်မတော်သတ်ဖြတ်ခဲ့တာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြန်လည်ဖြေရှင်းပေးဖို့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့မှာ ဆန္ဒပြစဉ် Photo: Myo Hlaing Win Facebook

မြန်မာအာဏာပိုင်တွေအနေနဲ့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလက အစိုးရစစ်သားတွေသတ်ဖြတ်တာခံခဲ့ရတဲ့ ကရင်နီ အမျိုးသား ၄ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး သမာသမတ်ကျ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုပြု လုပ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တပ်မတော်က လက်ရှိပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုဟာ ယုံကြည်လောက်တဲ့ စုံစမ်းမှုမဟုတ်ဘဲ အမှန်တရားကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသား ၄ ယောက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာကြားမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org