ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်အများအပြား ပါဝင်လက်မှတ်ရေးထိုးမည်

မနက်ဖြန် မေလ ၂၇ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ အတော်များများက လက်မှတ်ရေးထိုး မယ်လို့ သိရပါတယ်။

မေလ ၂၃ ရက်နေ့က အနုပညာရှင်များ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးကြစဉ် Photo: She Singer Facebook

မနက်ဖြန် မေလ ၂၇ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ အတော်များများက လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

မနက်ဖြန်မနက် လက်မှတ်ရေးထိုးပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလိုပြောပါတယ်။

"ဂီတသမားတွေကျတော့ ရုံးချုပ်ကိုတန်းသွားမယ်၊ ကျမတို့ ရုပ်ရှင်သမားတွေကျတော့ ဗိုလ်ချုပ်ပန်းခြံထဲမှာ စုရပ်လုပ်ပြီးတော့လာကြမယ်၊ အားလုံးက ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်လာကြမှာပါ၊ သေချာတာက သျှီ၊ ဝိုင်း၊ သံသာဝင်း၊ ကိုလူမင်းလာမယ်"

ပြီးခဲ့တဲ့ မေလ ၂၃ရက်နေ့ကလည်း ဒါရိုက်တာတွေ၊ လူရွှင်တော်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ စုစုပေါင်း တစ်ရာကျော်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်တွေကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကောက်ယူသွားမှာဖြစ်ပါတယ်။

RFAသတင်းထောက် မရတနာဦး စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org