စစ်ကောင်စီတပ်စခန်း ငါးခုကိုသိမ်းပိုက်ခဲ့ကြောင်း ABSDF ထုတ်ပြန်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နနယ်မြောက်ပိုင်းနယ်မြေတွေမှာ အချိန်နှစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောင်းသား တပ်မတော် (ABSDF) က ဧပြီလ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2025-04-16 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နနယ်မြောက်ပိုင်းနယ်မြေတွေမှာ အချိန်နှစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောင်းသား တပ်မတော်(ABSDF) က ဧပြီလ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့ မနက်က ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်က စစ်ကောင်စီတပ် အခိုင်အမာနေရာယူထားတဲ့ ကြံသာကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကမ်းပါးနီတပ်စခန်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မှန်တော၊ အောင်သာယာ (အနောက်)၊ အောင်သာယာ (အရှေ့) တပ်စခန်း စတဲ့တပ်ခခန်းတွေကို သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
CDF-KKG က ဖော်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးတွေကို အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက် ခဲ့တာလို့လည်း ကျောင်းသားတပ်မတော် (ABSDF) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီနှစ်လတာ စစ်ဆင်ရေးအတွင်း ABSDF ရဲ့တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။