ရိုက်တာသတင်းထောက်တွေ ဖမ်းဆီးခံရမှု ကုလထံ AAPP တိုင်ကြား

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ကိစ္စကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီလက်အောက်ရှိ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းလုပ်ငန်းအဖွဲ့ WGAD ထံ တိုင်စာပေးပို့လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး(ခေါ်)မိုးအောင် ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Kyaw Zaw Win/RFA
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ကိစ္စကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီလက်အောက်ရှိ မတရားဖမ်းဆီး ထိန်းသိမ်းခံရခြင်းလုပ်ငန်းအဖွဲ့ WGAD ထံ တိုင်စာပေးပို့လိုက်ပါတယ်။

ခုလိုတိုင်စာပေးပို့ရခြင်းဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပါ ဖော်ပြချက်အပါအဝင် အပြည်အပြည်ဆိုင်ရာ ပြဌာန်းချက်တွေ ကို ချိုးဖောက်လို့ဖြစ်တယ်လို့ AAPP အဖွဲ့ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်က ပြောပါတယ်။

"ဒီဇင်ဘာ ၂၁ ရက်နေ့က ကျနော်တို့စာပို့လိုက်တယ်ခင်ဗျ၊ ဘာကြောင့်ပို့လိုက်သလဲဆိုတော့ သတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးတဲ့ကိစ္စက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၃၄၇ ကို ချိုးဖောက်ရာရောက်တယ်၊ အဲဒါကြောင့် AAPP အနေနဲ့ တိုင်စာပို့တယ်ခင်ဗျ"

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခေါ်) ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ကို ဒီဇင်ဘာလ ၁၂ရက်နေ့က ထောက်ကြန့်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org